Zyxel GS1900-24 24 port GbE Smart Managed Switch

Buy Zyxel GS1900-24 24 port GbE Smart Managed Switch

Zyxel GS1900-24 24 port GbE Smart Managed Switch

In stock
K259,000

Zyxel GS1900-24

24 port GbE Smart Managed Switch
(2 SFP Port)
259,000 Kyats
2 Years warranty
.
https://www.zyxel.com/products_services/8-10-16-24...
.
ဈေးကွက်ထဲမှာ Switch တွေ အလွယ်တကူ ဝယ်လို့ရပေမယ့် SFP Port ပါတဲ့ Switch တို့ Router တို့ ကို တစ်ကယ်လိုအပ်လို့ လိုက်ရှာရင် ရှာရခက်သလို ဈေးတွေလည်း အဆမတန် မြင့်နေတတ်ပါတယ်။
.
အထူးသဖြင့် Managed Switch ကိုလည်း သာမန် အသုံးပြုသူတွေ အလွယ်တကူမသုံးကြပါဘူး။ သုံးဖို့လည်း စိတ်မဝင်စားကြသလို ဘာကြောင့်သုံးရမယ်ဆိုတာလည်း မသိကြတာကြောင့်လည်းဖြစ်ပါတယ်။
.
လက်ရှိ Zyxel GS1900-24 ကတော့ ဈေးလည်းမဆိုး Port ကလည်း 24 Port ပါတဲ့အပြင် SFP Port 2 Port ပါဝင်တဲ့အတွက် ဂိမ်းဆိုင်တို့ ရုံးကြီးကြီးတို့ အသုံးဝင်မယ့် Device လေးတစ်ခုလို့ ထင်ပါတယ်။
.
SFP Port အကြောင်းအရင်ပြောရရင် SFP Port က SFP Module တပ်ပီး Fiber ကြိုးနဲ့ ချိတ် ဆက်အသုံးပြုရတာ ဖြစ်ပါတယ်။
ဖိုက်ဘာကြိုး နဲ့ သွားဖြစ်တဲ့အတွက် အားလုံးသိကြတဲ့အတိုင်းပဲ ကြိုး အဝေးကြီး ဆွဲသုံးရင်တောင်မှ Latency မတက်လာပါဘူး။
SFP Module တော့ ကိုယ်သုံးမယ့်အကွာအဝေးပေါ်မူတည်ပြီးရွေးချယ်ဖို့လိုပါတယ်။
SFP Module အစားစားရှိပေမယ့် ဒီ Switch ကတော့ 1Gbps အထိပဲ Support လုပ်ပါတယ်။
.
အိမ်တစ်လုံးနဲ့ တစ်လုံးကြားဝေးနေရင်ဖြစ်စေ..
ရုံး အပေါ်ထပ်နဲ့ အောက်ထပ် အလွှာအရမ်းခြားနေရင်ဖြစ်စေ
ဒီ Switch ၂ခု ကြား ကို ဖိုက်ဘာကြိုးနဲ့ ပြတ် ချိတ်ဆက်ထားလို့ရပါတယ်။
.
Disk-less Solution သုံးတဲ့ အဖွဲ့အစည်းတွေ ဂိမ်းဆိုင်လိုမျိုးတွေမှာဆိုရင်လည်း Switch ကအရေးပါပါတယ်။ 100Mbps Switch လောက်နဲ့တော့ အဆင်မပြေတာဖြစ်လို့ GbE swith ကိုရွေးသုံးရမှာ ဖြစ်ပါတယ်။
.
Managed Switch ဖြစ်တဲ့အတိုင်း သူ့ရဲ့ အရေးပါတဲ့ Feature ဖြစ်တဲ့ Link Aggregation က တစ်ကယ့် Heavy Load Network Traffic ရှိတဲ့ Group တွေမှာအ သုံးဝင်စေပါတယ်။
LAG ၈ ခုအထိ ဖွဲ့လို့ရပါတယ်။
Link Aggregation ဆိုတာ LAN Port ၂ ခုနှင့်အထက် သို့မဟုတ် SFP ပို့ ၂ ခု သို့မဟုတ် SFP + LAN ၂ ခုနှင့်အထက် ကို ပေါင်းပေးပီး Port တစ်ခု တည်းအနေနဲ့ အလုပ်လုပ်စေတာ ဖြစ်ပါတယ်။
အဲလို ဒီဘက် Switch မှာလည်းပေါင်း ဟိုဘက် Switch မှာလည်း ပေါင်း ထားပြီး Switch ၂ခု ချိတ် ဆက်ထားခြင်းဖြင့် မြန်နှုန်းတိုးစေသလို ပေါင်းထားတဲ့ Port များထဲမှ Port တစ်ခုခုဖြစ်စေ Port ရဲ့ Cable ချို့ယွင်း လျှင်ဖြစ်စေ နောက် ကျန်နေတဲ့ Port/Cable နဲ့ ဆက်အလုပ်လုပ်သွားစေမှာဖြစ်ပါတယ်။
Fail Over သဘောတရားပေါ့။
.
သိပ်တော့အထွေအထူး ရှင်းပြဖို့တော့လိုတော့ဘူးထင်တယ်။ သိချင်တာရှိရင်လည်း Chat Box ကနေ မေးမြန်းနိုင်ပါတယ်။
အိမ်မှာလည်း သုံးထားတာဖြစ်လို့ တစ်ခုခု သိချင်ရင် Switch ထဲ ဝင်ကြည့်ပြီး ပြန်ပြောပေးပါမယ်။
လောလောဆယ် Management ထဲ ဘာမှ ထွေထွေ ထူးထူး မလုပ်ထားပဲ ရိုးရိုး Switch လို သုံးလေးရက်လောက် ၂၄ နာရီ လုံးဖွင့်ထားပြီး သုံးကြည့်တာတော့ အဆင်ပြေနေပါတယ်။
.
နောက်တစ်ခုက MPT Metro လိုင်းသုံးတဲ့လူတွေ အနေနဲ့လည်း သူတို့ ပေးတဲ့ Media Converter အစား ဒီ ဆွစ်ထဲကို SFP module လေးဖြုတ်ပီး သုံးလို့ရပါတယ်။
သူတို့ ပေးတဲ့ M/C0 ကတော့ အိမ်မှာ သုံးတာအဆင်မပြေလို့ စတပ်ကတည်းက ဖြုတ်ထားပါတယ်။ :D
.
လောလောဆယ် Management Panel ထဲမှာတွေ့တဲ့ Features လေးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Youtube မှာလည်း ရှာကြည့်လို့ ရ ပါတယ်။
.
Port
Bandwidth Management
Storm Control
.
VLAN
Gust VLAN
Voice VLAN
.
MAC Table
Link Aggregation ၈ ခု
Port Mirroring
.
QoS
.
Security
Port Security
Protected Port
802.1X
DoS
.
Auth Method
Loca, Raidus, TACACS+
.
Power Cord, Rack Mount Kit, တို့ ပါဝင်ပါတယ်။
ဈေးနှုန်းမှာ ၂၅၉၀၀၀ ကျပ်ဖြစ်ပြီး Warranty 2 Years ပါဝင်ပါတယ်။
.
ဝယ်ယူလိုပါက
MEB Mobile
အခန်းအမှတ် ၄၀၃၂၊ တတိယထပ်၊ တော်ဝင်စင်တာ
ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ သို့ လာရောက် ဝယ်ယူနိုင်ပါတယ်။
ဖုန်း ၀၉၄၅၀၀၅၇၆၈၁၊ ၀၉၉၇၀၆၉၆၉၀၀ သို့လည်း ဆက်သွယ် မှာယူနိုင်ပြီး ရန်ကုန်မြို့တွင်း အိမ်အရောက်နှင့် နယ်မြို့များကို ကားဂိတ်ထိပို့ပေးပါတယ်။
ရန်ကုန်မြို့တွင်း မြို့နယ်အလိုက် ပို့ခ ရှိမည် ဖြစ်ပြီး နယ်မြို့များအတွက်မူ ကားခ ကို ဝယ်ယူသူမှ ကျခံရမည်ဖြစ်ပါသည်။

Zyxel GS1900-24 24 port GbE Smart Managed Switch reviews

Be the first to write a review of this product!